ဒဂုံမြို့နယ်တွင် ပြည်သူများလက်ဝယ်အရောက် ဆီနှင့်ကြက်ဥများအား သက်သာသောဈေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ

ဒဂုံ     နိုဝင်ဘာ     ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက် ၉ နာရီကစ၍ ဘုရားကြီးရပ်ကွက်၊ မော်ကွန်းတိုက်လမ်းရှိ ကျန်းမာရေးဓါတ်ခွဲဌာန၌ ဆီနှင့်ကြက်ဥများအား ညွှန်ကြားချက်များနှင့်အညီ ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများအား ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် စားအုန်းဆီတစ်ပိဿာလျှင် ၄၅၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၈၀ ကျပ်ဖြင့် လူတစ်ဦးလျှင်ဆီ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံးတို့အား မော်ကွန်းတိုက်အတွင်းရှိ ဝန်ထမ်းများအား ရောင်းချပေးခဲ့သည်။          

အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းသူကျော်နှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ကြည်ဇေသော်