မင်္ဂလာဒုံမြို့နယ်အတွင်း Community Base Facility Quarantine Centre ရှိ စေတနာ့ဝန်ထမ်းများအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးသုံးပစ္စည်းများ၊ ကော်ဖီမစ်နှင့် သောက်ရေသန့်ကတ်များ လှူဒါန်း

မင်္ဂလာဒုံ   စက်တင်ဘာ   ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်အတွင်း ရောဂါကူးစက်ပြန့်နှံမှုများမရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့ သူများကို ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း (Community Base Facility Quarantine Centre)တွင် အသွားအလာများ ကန့်သတ်ထား ကာ စောင့်ကြည့်သည့် စေတနာ့ဝန်ထမ်းများအတွက်  ယမန်နေ့ညနေပိုင်း က   ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ရေးသုံးပစ္စည်းများ၊  ရေသန့်နှင့် ကော်ဖီမစ်များ လာရောက်လှူဒါန်းခဲ့ကြ သည်။ 

လှူဒါန်းရာတွင် တိုးချဲ့ရပ်ကွက်မှ ထူးမြတ်ပြည့်စုံ (ဆုတံဆိပ်အမျိုးမျိုးနှင့် ကျောင်းလုပ်ငန်းသုံး စာအုပ်မျိုးစုံဆိုင်) မိသားစုက Quarantine Centre တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်းများအတွက် ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများဖြစ်သည့် Surgical Gown ဝတ်စုံ အစုံ (၂၀)၊ နှာခေါင်းစည်း (Mask) အခု(၅၀)ပါ (၁၀)ဘူး၊ ခေါင်းစွပ် အခု(၁၀၀)ပါ(၁)ဗူး၊ အချိုရည် (၁၂) လုံးပါ (၁၀) ကတ်၊ We Love Yangon အဖွဲ့ဝင် သပြေညိုလူငယ်များက ကော်ဖီမစ် ( ၇၂ )ထုပ်ပါ အထုပ်ကြီး (၈)ထုပ် ၊ မောမစ် အထုပ်(၁၅) ထုပ်၊ သင်္ဃန်းကျွန်းကျေးရွာ ဦးဇော်ထွန်း (လမင်းဦး အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေး)  မိသားစုက သောက်ရေသန့်ကတ်အတွက် ငွေကျပ် (၃)သိန်း အသီးသီး ပေးအပ်လှူဒါန်းခဲ့ရာ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအေးသွင် က လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇင်ငြိမ်း(ပြန်ဆက်)