မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့အား လင်းခေးခရိုင် အသင်းအဖွဲ့ဥက္ကဋ္ဌမှ တွေ့ဆုံ

မိုင်းပန် နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့အား လင်းခေးခရိုင်အသင်းအဖွဲ့ဥက္ကဋ္ဌမှ တွေ့ဆုံပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ပန်ခန်းမ၌ ယမန်နေ့ နေ့လည်(၁၂)နာရီအချိန်က တွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် လင်းခေးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်မဥ္ဇူမှ မိုင်းပန်မြို့နယ် အသင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲ ကျင်းပပြီး ရုံးတွင်းဝန်ထမ်းအိမ်ရာများ လှည့်လည်ကြည့်ရှုခြင်းနှင့် ဝန်ထမ်းများ၏ ရင်သွေးငယ်ရှိ ဇနီးနှင့် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ အသင်းအဖွဲ့ဥက္ကဋ္ဌက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နမ့်ပန်ခန်းမ၌  ပန်းအလှပြင်သင်တန်းအား ကျင်းပခဲ့ပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ခင်းကျင်းပြသထားရှိသော ပြတိုက်ငယ်(Mini Museum)နှင့် စာကြည့်တိုက်များကို  လှည့်လည် ကြည့်ရှုခဲ့ပြီး အမျိုးသမီးရေးရာအဖွဲ့၊ စာပေချစ်မြတ်နိုးသူများနှင့် စာရေးဆရာ ကျော်ဝင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ခဲ့သည်။

ထို့နောက် အသင်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်မဥ္ဇူက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ နမ့်ပန်ခန်းမသို့ ပြန်လည်ရောက်ရှိကာ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်လောင်း (၁၁)ဦး တို့အား ထောက်ပံ့ကြေးနှင့် အာဟာရပစ္စည်းများထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မိုင်းပန်(ပြန်/ဆက်)