ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က ရပ်ရွာအတွင်း ဘေးအန္တရာယ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၃)ရက်တာဖွင့်လှစ်

မန္တလေး နိုဝင်ဘာ ၁၃

ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ‌ရပ်ရွာအတွင်း ဘေးအန္တရာယ်ကျရောက်လွယ်မှုနှင့် စွမ်းဆောင်ရည် လေ့လာဆန်းစစ်ခြင်း၊ အားတိုးမြှင့်ခြင်းလုပ်ငန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉)နာရီက စီမံချက်ဝင် ရပ်ကွက်ဖြစ်သော တံခွန်တိုင်ရပ်ကွက် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

 အလုပ်ရုံဆွေး‌‌နွေးပွဲတွင် ရပ်ရွာအတွင်း ကျရောက်လွယ်သော ဘေးအန္တရာယ်များ၊ ကြိုတင် ကာကွယ်ရေးနည်းလမ်းများ၊ ပေါင်းစပ်ညှိနှိုင်းရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်ဖြစ်ပေါ်‌စေသည့် အခြေအနေများကို အပြန်အလှန်ဆွေးနွေးကာ လိုအပ်ချက်များကို လက်တွေ့ကွင်းဆင်း ဆောင်ရွက်ပြီး ဖြည့်စွက်ဆွေးနွေးကြမည် ဖြစ်သည်။

အဆိုပါ‌ ဆွေးနွေးပွဲကို နိုဝင်ဘာလ(၁၂)ရက်မှ (၁၄)ရက်နေ့အထိ (၃)ရက်တာ ဖွင့်လှစ်သွားမည် ဖြစ်ပြီး တက်ရောက်ကြသူပေါင်း(၃၁)ဦးရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်