ပန်ဆိုင်း(ကြူကုတ်)မြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ် စာစောင်နှင့်  စာအုပ်စာစောင်ပြပွဲပြုလုပ်

ပန်ဆိုင်း နိုဝင်ဘာ ၁၁

တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း (ကြူကုတ်)မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲအား ယနေ့နံနက် ၁၁နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုသို့ခင်းကျင်းပြသရာတွင် သုတ/ရသစာအုပ်များ ကလေးစာပေများ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့်မိန့်ခွန်းများ ဂျာနယ်များ မဂ္ဂဇင်းများနှင့် အမျိုးသား အောင်ပွဲနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအား ပန်ဆိုင်း (ကြူကုတ်) မြို့နေ ပြည်သူများ ဗဟုသုတရရှိနိုင်စေရန် ပြသပေးခဲ့သည်။

ထိုသို့ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်ပြပွဲအား သုတ/ရသ စာအုပ် ၁၀၀အုပ်အား ပြသပေးခဲ့ရာ ပန်ဆိုင်း(ကြူကုတ်)မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ပန်ဆိုင်း (ပြန်/ဆက်)