တံတားဦးမြို့ ပန်းယျကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ သဘာဝဘေးအန္တရာဆိုင်ရာ အသိပညာပေး ဟောပြော

တံတားဦး နိုဝင်ဘာ ၁၁

တံတားဦးခရိုင် တံတားဦးမြို့နယ်  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ မွန်းလွဲ () နာရီက တံတားဦးမြို့ ပန်းယျကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအတွင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဆရာ/မများ ကျောင်းသား/ သူများအား ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးကြသည်။ ဆက်လက်၍ ပန်းယျကျေးရွာ အခြေခံပညာ မူလတန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မိုးခိုင်က အမှာစကားပြောကြားပြီး မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်အိဖြူဖြူနှင်း နှင့်ဝန်ထမ်းများက သဘာဝဘေး အန္တရာယ်အကြောင်း ဟောပြောရာတွင် မုန်တိုင်းဘေးဆိုင်ရာ အကြောင်းအရာများ ရေဘေးဆိုင်ရာ အကြောင်းအရာများ ငလျင်ဘေးဆိုင်ရာ အကြောင်းအရာများ မီးဘေးဆိုင်ရာ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ငလျင်ဘေးဆောင်ရန် ၊ရှောင်ရန်များကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ကြသည်။

ထို့နောက်  မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်နိုင်ရေးအတွက် လက်သန့်ဆေးရည် () ဗူး နှင့် ငလျင်ဘေးနှင့် ပတ်သက်သည့် ဆောင်ရန်၊ ရှောင်ရန် အတွက် အလျား()ပေ အနံ ()ပေရှိ ဗီနိုင်းတစ်ချပ်တို့ကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူကြောင်း သိရသည်။

ဦးရဲတင့်( ပြန်/ဆက်