သပိတ်ကျင်းမြို့နယ်(အ.လ.က)သိပ္ပံနှင့်နည်းပညာကျောင်း၌ ( ၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကျင်းပ

သပိတ်ကျင်း  နိုဝင်ဘာ  ၁၁

 (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် (အ.လ.က)သိပ္ပံနှင့် နည်းပညာကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဘေး အန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီခွဲအချိန်ကကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီက ၁၃၄၈-ခုနှစ် တန်ဆောင် မုန်းလပြည့်ကျော်( ၁၀)ရက်နေ့တွင်ကျင်းပမည့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် သိကောင်းစရာများ၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ကျောင်းသား/သူများအနေဖြင့် နိုင်ငံတော်သမိုင်းကြောင်းကို နားလည်ပြီး  အမျိုးဘာသာ/သာသနာကို ကာကွယ်စောင့်ရှောက်၍ ယဥ်ကျေးမှုအမွေအနှစ် များထိန်းသိမ်းပြီး မျိုးချစ်စိတ်ဓာတ် ထာဝစဥ်ကိန်းအောင်းစေရန်တို့ကို ဟောပြောခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိဒေါ်ဆုလှိုင်တင့်က သပိတ်ကျင်းမြို့နယ်တွင် ဖြစ်ပေါ်တတ်သည့် ငလျင်ဘေး၊ ရေးဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မဖြစ်ခင်နှင့်ဘေးအန္တရာယ်ဖြစ်ပြီးချိန်များတွင် ဆောင်ရန်ရှောင်ရန်များ၊ အသိညာဗဟုသုတများရရှိ​ရေန်ဟောပြောခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)