ပုလော နိုဝင်ဘာလ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ (၁၀၂)နှစ်မြောက် အထိမ်းအမှတ် (အကြို) အသိပညာပေးဟောပြောပွဲ၊ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီ က Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံကို အသိပညာပေး ဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက ဉာဏ်စမ်းမေးခွန်းများ ဖြေဆိုခြင်းဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဉာဏ်စမ်းပြိုင်ပွဲဝင် ကျောင်းသား /ကျောင်းသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်များအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားရှိသည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ၊ သုတရသစာအုပ် စာစောင်များ ကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
နီနီထွန်း(ပုလော)