မြဝတီမြို့၌ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် သဘာဝသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြဝတီ နိုဝင်ဘာ ၁၁

ကျောင်းသား၊ ကျောင်းသူများအနေဖြင့်  ကျောင်းစာသင်ကြားသင်ယူမှုအပြင် နေ့ထူးနေ့မြတ်နှင့်ဆိုင်သည့် ဗဟုသုတများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာများ တိုးပွားရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက  မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းနှင့်  အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းတို့တွင်  (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့နှင့် သဘာဝသယံဇာတ အရင်းအမြစ်များ ထိန်းသိမ်းရေး အကြောင်းတို့ကို ဟောပြောပေးခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မာမာရီက နိုဝင်ဘာ (၁၇) ရက်နေ့တွင်   ကျရောက်မည့် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ပေါ်ပေါက်လာပုံသမိုင်းကြောင်းနှင့် ကျောင်းသား လူငယ်များအနေဖြင့် မိမိတိုင်းပြည်နှင့် လူမျိုးအတွက် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရေးတို့ကို ဦးစွာရှင်းလင်းပေးပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးချစ်ရအောင်က ပတ်ဝန်းကျင်ရှိ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာများနှင့် ရေကိုချွေတာသုံးစွဲရေး သိကောင်းစရာတို့ကို  ရှင်လင်းဟောပြောသည်။

ဟောပြောပွဲအပြီးတွင် အမျိုးသားအောင်ပွဲနေ့နှင့် သက်ဆိုင်သည့် ဉာဏ်စမ်းမေးခွန်းများ မေးမြန်းခဲ့ရာ အဖြေမှန်သူများအား ဆုလက်ဆောင်များချီးမြှင့်ပေးပြီး ကျောင်းသား၊ ကျောင်းသူများအတွက် အသိပညာဟုသုတရရှိစေမည့် သုတ/ရသ စာအုပ်စာစောင်များ၊ (၁၀၂) နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ် မှတ်တမ်းဓာတ်ပုံများနှင့် ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေးအကြောင်းအရာများ ခင်းကျင်းပြသပေးခဲ့​ကြောင်း သိရသည်။

ရိုင်(ပြန်/ဆက်)