မိတ္ထီလာ နိုဝင်ဘာ ၁၁
မိတ္ထီလာ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသော (၁ဝ၂) နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁ဝ နာရီ အချိန်က ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပတာ ဖြစ်ပြီး စာစီစာကုံးပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ဆုရရှိကြတဲ့ ကျောင်းသူကျောင်းသားများကို နိုဝင်ဘာလ ၂၃ ရက်နေ့ အထက(၂)၊ မိတ္ထီလာမှာ ကျင်းပမယ့် စာဆိုတော်နေ့အခမ်းအနားမှာ ဆုများပေးအပ်ချီးမြှင့်မှာ ဖြစ်ပါတယ်ဟု ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။ အဆိုပါ စာစီစာကုံးပြိုင်ပွဲ မကျင်းပမီ ပြိုင်ပွဲစည်းကမ်းချက်များကို မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ ဆရာတင်တော်က ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်အထက်တန်း ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသား ၂ဝ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ချမ်းသာ