မန္တလေး နိုဝင်ဘာ ၁၁
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလွန်ကျောင်း အမှတ်(၂၀)တို့ပူးပေါင်းပြီး (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီရေးဆွဲသည့်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်းမ၌ကျင်းပပြုလုပ်ကြောင်း သိရသည်။
အဆိုပါ စိတ်ကြိုက်ပန်းချီရေးဆွဲသည့်ပြိုင်ပွဲတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက ကျောင်းသားလူငယ်များ စိတ်ကြိုက်ပန်းချီကို မိမိတို့ခံစားပုံဖော်သည့်အတိုင်း လွတ်လပ်စွာရေးဆွဲတတ်စေရန်၊ အနုပညာကိုခံစားတွေးခေါ်တတ်စေရန်နှင့် အရောင်ရွေးချယ်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပါသည်။
အဆိုပါပြိုင်ပွဲသို့ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် မူလွန်(၂၀)မှ ကျောင်းသား၊ ကျောင်းသူ(၁၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
မြင့်မြင့်သန်း