မိုင်းခုတ် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ကြီးမှူး၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အမှတ်(၁)ရပ်ကွက်၊ ဝမ်ကတ်ကျေးရွာ၊ ကွင်းအမှတ်(၄၂)ရှိ တောင်သူဦးယောရှဲန်၏ လယ်မြေ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဦးစီးမှူး ဦးမောင်သိန်းနှင့်ဝန်ထမ်းများ၊ မြို့စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများက ကွင်းအမှတ်(၄၂)ရှိ တောင်သူ ဦးယောရှဲန်၏ ဧည့်မထ စပါးမျိုးစံကွက်အား ရိတ်သိမ်းရာ တစ်ဧကလျှင် စပါးအစို ၉၂ တင်းထွက်ရှိကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)