လှိုင် နိုဝင်ဘာ ၁၀
လှိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ အရည်အချင်းနှင့်စွမ်းဆောင်ရည်ပြည့်ဝစေရန် အခြေခံပညာကျောင်းများတွင် ရှေးဦးပြုစုခြင်းတတ်မြောက်မှုများမှတစ်ဆင့် ကျောင်းအတွင်းရှေးဦးပြုစုခြင်းအတတ်ပညာများ ပြန့်ပွားလာနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် အခြေခံရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို နိုဝင်ဘာလ(၈)ရက်နေ့မှ (၁၀)ရက်နေ့အထိ လှိုင်မြို့နယ်အခြေခံပညာအလယ်တန်းကျောင်း အမှတ်(၆)၌နိုဝင်ဘာ(၈)ရက်နေ့မှ နိုဝင်ဘာ(၁၀)ရက်နေ့ထိ (၃)ရက်ကြာသင်ကြားဖွင့်လှစ်ပေးလျက်ရှိကြောင်း သိရှိရပါသည်။
အဆိုပါသင်တန်းသို့ လှိုင်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ သင်တန်းနည်းပြများက ကျောင်းသား၊ ကျောင်းသူများကို ကြက်ခြေနီရှေးဦးပြုစုခြင်း ဘာသာရပ်(အခြေခံ)၊ လူနာသယ်ဆောင်ခြင်း ဘာသာရပ်(ထမ်းစဉ်မဲ့/ထမ်းစဉ်)ဘာသာရပ်တို့အား စာတွေ့လက်တွေ့သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးတို့အား သင်ကြားပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်ရဲအောင် (ပြန်/ဆက်)