ကော့မှူး၌ ယာဉ်စည်းကမ်း အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း Mask များအခမဲ့ဖြန့်ဝေ

ကော့မှူး နိုဝင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးခြင်းနှင့် မြို့နယ်အတွင်း ဖြတ်သန်းသွားလာသူများအား နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိမရှိနှင့် နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက် ၁၀နာရီက တောင်ပိုင်းရပ်ကွက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခိုင်ကြည်သာလှနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးလွင်နှင့်ဝန်ထမ်းများ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ ပူးပေါင်း၍ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဖြတ်သန်းသွားလာကြသော မော်တော်ယာဉ်များ၊ ဆိုက်ကားများ၊ စက်ဘီးများ၊ သုံးဘီးဆိုင်ကယ်များ၊ ဂွန်ဒေါင်းများပေါ်တွင် စီးနင်းလိုက်ပါလာကြသည့် ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများတွင် နှာခေါင်းစည်း Mask မတပ်ဆင်သူများအား နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး စက်ဘီးများ မော်တော်ယာဉ်များ၊ ဆိုက်ကားများ၊ သုံးဘီးဆိုင်ကယ်များ၊ ဂွန်‌ဒေါင်းများမောင်းနှင်သူများအား‌ ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်သူရ (ပြန်/ ဆက်)