သပိတ်ကျင်း နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင်(၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိ ပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉နာရီခွဲအချိန်က (၇)မိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် (၇)မိုင်ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအုပ် ဆရာမကြီးဒေါ်အေးအေးမြတ်က အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီ က အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အခမ်းအနားများကို နှစ်စဥ်နိုင်ငံတစ်ဝှမ်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးလျက်ရှိကြောင်း၊ ၁၃၄၈ခုနှစ်၊ တန်ဆောင်မုန်းလပြည့် ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၂)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို အထိမ်း အမှတ်ဖြစ် ကျောင်းသား/သူများအနေဖြင့် မိမိတို့နိုင်ငံ၏ အမျိုးသားအောင်ပွဲနေ့ကို တန်ဖိုးထားအမှတ်ရစေရန်အတွက် ကျောင်းသားလူငယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့တက်ရောက်လာသည့် ကျောင်းသားတစ်ဦးမှ ကျောင်းသားလူငယ် များအသိပညာတိုးပွားစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးသည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများအားကျေးဇူးတင်စကား ပြော ကြားခဲ့သည်၊ အဆိုပါဟောပြောပွဲတွင် ကျောင်းသား/သူ( ၁၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)