ကမာရွတ် နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ယမန်နေ့က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ပြုလုပ်ရာ ကမာရွတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၂ ဦးအောင်သန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးအောင်၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူး စိုးမင်းအောင်၊ ခရိုင်ပညာရေးမှုး၊ မြို့နယ်ပညာရေးမှူးနှင့် သက်ဆိုင်ရာ ကျောင်းအုပ်ကြီးတို့မှ ဟောပြောပေးခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲကို ကမာရွတ်မြို့နယ် အမှတ်(၂) ရပ်ကွက်ရှိ အ.ထ.က (၄)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃)ရက်ကွက်ရှိ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၀)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူ (၆၅၀)ဦးတို့အား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေး ဟောပြောပေး ခဲ့ကြပါသည်။
ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှုးမှ ပြန်လည်ဖြေကြားပေးပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်းသတင်း ရသည်။
စိမ်းလဲ့(ပြန်/ဆက်)