သရက်ချောင်း နိုဝင်ဘာ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သူနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်ပင်များနှင့် ရာသီပေါ်သီးနှံပင်များကိုရာသီအလိုက် အဓိကစိုက်ပျိုးလျက်ရှိရာ မိသားစုတစ်ပိုင်တစ်နိုင်စိုက်ပျိုးရေးလုပ်ငန်းအဖြစ် သစ်ခွပန်းအမျိုးမျိုး စိုက်ပျိုးရာမှ တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိကြောင်း သစ်ခွပန်းစိုက်ပျိုးသူ တောင်သူ တစ်ဦးကပြောသည်။
သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သူ တောင်သူအများစုသည် အိမ်မွေးအလှ ပန်းစိုက်ပျိုးရာတွင် ပန်းအိုးအရွယ်အစားအမျိုးမျိုးဖြင့်စနစ်တကျစိုက်ပျိုးရကြောင်း၊ ပန်းများကို ကိုင်းခူးစနစ်ဖြင့် အပင်ပွားကြောင်း၊ ပန်းပင်စိုက်ပျိုးရာတွင် မြေသြဇာအဖြစ် နွားချွေးများဖြင့် စနစ်တကျစိုက်ပျိုးရကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
သရက်ချောင်းမြို့နယ်တွင် သစ်ခွပန်း၊ နှင်းဆီပန်း၊ စံပယ်ပန်း၊ ခရေပန်း၊ ကစ်စမီပန်း၊ သဇင်ပန်း စသည်ဖြင့် ပန်းမျိုးမျိုးစိုက်ပျိုးလုပ်ကိုင်ကြပြီး ယခင်နှစ်ကာလက ပန်းတစ်ပင်လျှင် ၃၅၀၀ ကျပ်နှင့် ၄၀၀၀ကျပ်၊ ပန်းတစ်ပွင့်လျှင် ၁၀၀ကျပ်မှ ၇၀၀ကျပ်သာရရှိပြီး ယခုနှစ်တွင် ပန်းတစ်ပင်လျှင် ၄၀၀၀ကျပ်နှင့် ၄၅၀၀ကျပ်၊ ပန်းတစ်ပွင့်လျှင် ၂၀၀ကျပ်မှ ၁၀၀၀ကျပ်အထိ ပန်းအမျိုးမျိုး အလိုက်စျေးကောင်းရရှိကြောင်း ပန်းစိုက်ပျိုးသူ တောင်သူ ဦးလွင်နိုင်ထံမှသိရသည်။
သားကြီး(သရက်ချောင်း)