လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲနှင့်နံရံကပ်စာ‌စောင်ပြပွဲအခမ်းအနား ကျင်းပ

ချမ်းမြသာစည်  နို၀င်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲ ကျင်းပခြင်းကို ယ‌နေ့နံနက် ၁၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ‌ ဟောပြောပွဲတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူကုန်ကူးမှုနှင့် ပတ်သက်၍ သိသင့်သိထိုက်သည့် အချက်အလက်များ၊ လူကုန်ကူးမှုဟူသည့် အဓိပွာယ်၊ လူကုန်ကူးမှုခံရခြင်း၏ နောက်ဆက်တွဲအခြေအနေများ၊ နိုင်ငံ‌တော်မှ ဆောင်ရွက်လျက်ရှိသည့်လူကုန်ကူးမှုတားဆီး ကာကွယ်ရေးလုပ်ငန်းစဉ်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ စသည်တို့ကို ‌အသိပညာ‌ပေး ဟောပြောခဲ့သည်။

ထို့နောက် တက်‌ရောက်လာကြသော ကျောင်းသား/သူများကခန်းမအတွင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါ ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အခမ်းအနားသို့ အမှတ်(၃၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခင်စိမ်း၀င်း