တနိုင်း စက်တင်ဘာ ၁၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်ပနှင့် ပြည်တွင်းရှိ အခြားမြို့နယ်များမှ နေရပ်သို့ပြန်လည်ရောက်ရှိလာသူများအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စောင့်ကြည့်စစ်ဆေးရန် အတွက် မြို့နယ်မနောကွင်းအတွင်းရှိ ခန်းမ၌ (၂၁)ရက်ကန့်သတ်ထားရှိလျက်ရှိရာ စက်တင်ဘာ လ(၈)ရက်နေ့တွင် ပြည်ပမှနေရပ် သို့ပြန်လာသူ ကျား(၁)ဦး၊ စက်တင်ဘာလ(၈)ရက်နေ့မှ (၁၀)ရက်နေ့ အထိ ရန်ကုန်တိုင်း၊ တာမွေမြို့နှင့် မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့မှပြန်လာသူ ကျား(၂)ဦးနှင့် မ(၂)ဦးနှင့် ကချင်ပြည်နယ် ပန်ဝါမြို့မှ ပြန်လာသူ ကျား(၁)ဦး စုစုပေါင်း ကျား(၄)ဦးနှင့် မ(၂)ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုနိုင်ရေးအတွက် နှာခေါင်တို့ပတ်၊ အားခေါင်တို့ပတ်တို့အား ရယူခြင်းကို ယနေ့ နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် ပြည်ပနှင့် ပြည်တွင်းရှိ အခြားမြို့နယ်များမှ နေရပ်သို့ရောက်ရှိလာ သူ(၆)ဦးတို့အား မြို့နယ်ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့က ဓာတ်ခွဲအတည်ပြုနိုင်ရေး အတွက် နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တို့အား ရယူကာ သီးခြားကန့်သတ်ထားရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အဆင့်ဆင့်သို့ ပို့ဆောင်စစ်ဆေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)