ရန်ကုန် နို၀င်ဘာ ၈
မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရေးအဖွဲ့နှင့် စိမ်းလန်းစိုပြည်ဂါးဒင်းတို့ပူးပေါင်းကျင်းပသော တန်ဆောင်တိုင်မီးထွန်းပွဲနှင့် ဆေးဘက်ဝင်မယ်ဇာလီဖူးသုတ် ဒါနပြုလုပ်ပွဲကို ယမန်နေ့ညနေ ၅ နာရီတွင် အင်းလျားလမ်းရှိစိမ်းလန်းစိုပြည်ဂါးဒင်း၌ ကျင်းပပြုလုပ်သည်။
"ကျွန်မတို့ ၁၂ လပွင့်လင်းရာသီတွေမှာ အဓိကလုပ်ဖြစ်တာက ရိုးရာယဉ်ကျေးမှု၊ကျောင်းသားလူငယ်၊ မိသားစုအပန်းဖြေလို့ပျော်လို့ရတဲ့ပွဲတွေ အများဆုံးလုပ်ဖြစ်တယ်။ လွတ်လပ်ရေးနေ့ဆို ကလေးပန်းချီပြိုင်ပွဲ၊ ပြည်ထောင်စုနေ့ဆိုတိုင်းရင်းသားအစားအစာရောင်းချပွဲ၊ ပဒေသာကပွဲလုပ်ပါတယ်။ သီတင်းကျွတ်မီးထွန်းပွဲ၊ တန်ဆောင်တိုင်မီးမျှော်ပွဲတွေလုပ်တာ"ပါဟု စိမ်းလန်းစိုပြည်ဂါးဒင်းမှဒါရိုက်တာဒေါ်အေးသန္တာထွန်းကပြောသည်။ အဆိုပါဆီမီးထွန်းမျောပွဲသို့ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်များထိန်းသိမ်းစောင့်ရေးအဖွဲ့မှ တာ၀န်ရှိသူများ၊ ရုပ်ရှင်အနုပညာရှင်များ၊ ယဉ်ကျေးမှုတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက အင်းယာကန်တွင် ဆီမီး ၁၅၀၀ ခန့်ထွန်းညှိရေမျှောကြသည်။
ယင်းတန်ဆောင်တိုင်မီးထွန်းပွဲနှင့် ဆေးဘက်မယ်ဇာလီဖူးသုတ်ဒါနပြုလုပ်ပွဲသည် (၁၆)ကြိမ်မြောက်ကျင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အောင်မြင့်(ပြန်/ဆက်)