မိုင်းကိုင်မြို့နယ်တွင် (၃၂) ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မိုင်းကိုင် နိုဝင်ဘာ ၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် (၃၂)ကြိမ်မြောက်၊ မြို့နယ်လုးဆိုင်ရာ မဟာဘုံကထိန် သင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွှဲ ၂ နာရီ က ရွှေမြင်ထင်မွေတော်(မြောက်ကျောင်း) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို နမောဿတ (၃)ကြိမ် ရွတ်ဆိုဘုရား ကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တရေဝတထံမှ ငါးပါးသီလနှင့် ဩဝါဒ ခံယူဆောက်တည်၍ ဆရာ တော် သံဃာတော်များ ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြပြီးနောက် နယ်မြေခံ နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးတို့က စုပေါင်းမဟာဘုံကထိန်ညှပ် သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို မြို့နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တရေဝတထံ ဆက်ကပ် လှူဒါန်းခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ နှင့် မြို့မိမြို့ဖများက ဆရာတော်သံ ဃာတော်များကို ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ အသီးသီး ဆက်ကပ်လှူဒါန်းခဲ့သည်။

၂၀၂၂ ခုနှစ်၊ မိုင်းကိုင်မြို့နယ်၏ (၃၂)ကြိမ်မြောက်၊ မြို့နယ်လုံးဆိုင်ရာ စုပေါင်း မဟာဘုံကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ဘုန်းတော်ကြီးကျောင်းပေါင်း (၂၁) ကျောင်းမှ ဆရာတော် သံဃာတော်များအား ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ခဲ့ပြီး စုစုပေါင်း လှူဒါန်းတန်ဖိုး ကျပ်(၅၆)သိန်းကျော်ရှိ‌ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်