သုံးခွ နို၀င်ဘာ ၆
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် အမှတ်(၃)ရပ်ကွက် ယုဇနလမ်းရှိ မင်းကျောင်း ကျောင်းတိုက်၌ ယမန်နေ့နံနက် ၁၀ နာရီက ကျောင်းအကျိုးတော်ဆောင်အဖွဲ့၏ ဦးဆောင်မှု၊ စေတနာအလှူရှင်များလှူဒါန်းမှုဖြင့် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရှိရသည်။
ပထမဦးစွာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။ ဆက်လက်၍ မင်းကျောင်း ကျောင်းတိုက်ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော် ဘဒ္ဒန္တနာယက(သဒ္ဓမ္မဇောတိကဓဇ)ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ဘဒ္ဒန္တဥတ္တမဆရာတော်ထံ မတည်အလှူရှင်များ၊ ဒါယိကာ ဒါယိကာမများက ကထိန်သင်္ကန်း၊ အရန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနဝကမ္မဝတ္ထုငွေနှင့် ငွေပဒေသာပင်များ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်များထံမှ ပရိတ်တရားတော်များနာယူကြည်ညိုကြပြီး ဘဒ္ဒန္တနာယကဆရာတော်က၊ ကထိန်အနုမောဒနာတရားဟောကြားကာ လှူဒါန်းမှူအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရှိရသည်။
စည်သူလင်း