မိုင်းယောင်း နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မသိုးသင်္ကန်း ကပ်လှူပူဇော်ပွဲကို ယမန်နေ့က ယန်းမွန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ မသိုးသင်္ကန်း ကပ်လှူပူဇော်ခံပွဲတွင် ကျေးရွာသူ ကျေးရွာသားများ၊ ဟိုခုံရပ် ဝတ်အသင်းများ၊ ဘုရားဂေါပကအဖွဲ့ ယောဂီအသင်း၊ ဝတ်အသင်းများ စုပေါင်းပါဝင်ခဲ့သည်။
မသိုးသင်္ကန်းများ ရက်ခတ်ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ဇလီကြောမ်မွန်း စေတီတော်နှင့် စေတီပရိဝုဏ်ရှိ ဗုဒ္ဓရုပ်ပွားတော်များ၌ ဆက်ကပ်လှူဒါန်းပြီး ဧည့်ပရိသတ် များကို ရိုးရာအကများဖြင့် ကပြ၍ စတုဒိသာကျွေးမွေးကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း