လောက်ကိုင် နိုဝင်ဘာ ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂) ရပ်ကွက်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့မှ ရပ်ကွက်နေပြည်သူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကိုရပ်ကွက်အတွင်းသို့အရောက် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရာ အဖွဲ့အမှတ်(၁)ကို ဦးဆောင်သော မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက တက်ရောက်လာသော ရပ်ကွက်နေဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ရပ်ကွက်အတွင်း သန့်ရှင်းသပ်ရပ်ရေး၊ လမ်းဘေးရေနှုတ်မြောင်းများရေစီးရေလာကောင်းမွန်စေရေး၊ လမ်းဘေးဝဲယာနှင့် လမ်းမကြီးပေါ်တွင် ကျူးကျော်၍ဈေးရောင်းချမှုကင်းစင်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ၆၆/၆ ပြုလုပ်နိုင်ရေး၊ ရာသီတုပ်ကွေးကာကွယ်ရေး၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ အိမ်ပြင်ထွက်တိုင်း Mask တပ်ဆင်သွားလာရေး၊ အပြင်ကပြန်လာတိုင်း လက်ကိုဆေးကြောစေရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများမှသိရှိလိုသည်များ မေးမြန်းကြသည်ကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် စစ်ကြောင်းကြီး(၅)ကြောင်းတွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများကို မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများသည် မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့သွားရောက်၍ ဆေးရုံတက်ရောက်နေသော လူနာ(၂၀)ဦးအတွက် အာဟာ ရဖြစ်စေသော မုန့်များလှူဒါန်းခြင်း၊ အားပေးစကားများပြောကြားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါစစ်ကြောင်းကြီး(၅)ကြောင်းတွင်ပါဝင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ သည် အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အဝေးပြေးမော်တော်ယာဉ် ကားကွင်း၊ မော်တော်ယာဉ်ဝပ်ရှော့များ၊ စက်သုံးဆီအရောင်းဆိုင်များ၊ လမ်းတံတားများခင်းကျင်းဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လောက်ကိုင်(ပြန်/ဆက်)