တပ်ကုန်းမြို့နယ် အ.ထ.က(၁)ကျောင်း ၁၉၉၇-၁၉၉၈ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသား/သူဟောင်းများ စတုတ္ထကြိမ်မြောက် ဆရာကန်တော့ပွဲ ကျင်းပ

တပ်ကုန်း နိုဝင်ဘာ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ၁၉၉၇-၁၉၉၈ ပညာသင်နှစ်  တက္ကသိုလ်ဝင်တန်းတွင် ပညာသင်ကြားခဲ့ သည့်ကျောင်းသား/သူဟောင်းများ ဦးဆောင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် ဆရာကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပသည်။

အဆိုပါအခမ်းအနားကို အခမ်းအနားမှူးဖြစ် ဦးဇော်လင်းအောင်(MRTV)က ဆောင်ရွက်၍ ကျောင်းသား၊ ကျောင်းသူဟောင်းများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ ကန်တော့ကျိုး ဆိုကာ ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း(၄၄)ဦး၊ တစ်ဦးလျှင် (၆)သောင်းနှုန်း ကန်တော့ငွေပေါင်း (၂၆)သိန်း၊(၄)သောင်း၊ အသီးသီး ပေးအပ်၍ လက်အုပ်ချီ ကန်တော့ကြပြီးနောက် ဆရာကြီး၊ ဆရာ မကြီးများက ဆုံးမဩဝါဒစကား ပြန်လည်ပြောကြားသည်။ထို့နောက် ကျောင်းသား/သူဟောင်း ဦးဇော်မင်းခိုင်၊ ဒေါ်တင့်တင့်ခိုင်တို့က ဝါကျွတ်ဆရာ ကန်တော့ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဆရာကြီး၊ဆရာမကြီးများအား အာဟာရဒါနများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်