ဟားခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကျန်းမာရေး အသိပညာပေး လက်ကိုင် စပီကာများဖြင့် အသိပေးနှိုးဆော်နိုင်ရေး ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံ ထောက်ပံ့ပေး

ဟားခါး စက်တင်ဘာ ၁၈

အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့ထောက်ပံ့သည့် လက်ကိုင်စပီကာများအား ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား ဖြန့်ဝေပေးအပ်ခြင်းကို ယမန်နေ့က ဟားခါးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  လက်ကိုင်စပီကာများဖြင့် ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက ဟားခါးမြို့နယ်အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဆောင်ရန်/ရှောင်ရန်များနှင့် ဟားခါးမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့၏ ညွန်ကြားချက်အမှတ်(/ ၂၀၂၀) ကို ပြည်သူများ သိရှိလိုက်နာ နိုင်စေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်စေရေး ရည်ရွယ်၍ ထောက်ပံ့ပေးအပ်ရခြင်း ဖြစ်ကြောင်း ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။

ဟားခါးမြို့ပေါ် ()ရပ်ကွက်အတွက် လက်ကိုင်စပီကာ()ခု၊ ဆူရ်ခွားမြို့ရှိ ရပ်ကွက်()ခုအတွက် လက်ကိုင်စပီကာ()ခု၊ ဟားခါးမြို့နယ်အတွင်း ကျေးရွာများအတွက် လက်ကိုင်စပီကာ(၃၂)ခု စုစုပေါင်း လက်ကိုင်စပီကာ (၄၂)ခုကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့ထောက်ပံ့သဖြင့် ဟားခါးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံသို့ ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အောင်ခွီရှိန်း