လွိုင်လင်မြို့ မြို့လုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်

လွိုင်လင် နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၌ (၇၄)ကြိမ်မြောက် မြို့လုံးကျွတ် စုပေါင်းဘုံကထိန် လှည့်လည်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီက လွိုင်လင်မြို့ သာသနာ့ဗိမာန်စုရပ်မှ မြို့တွင်းသို့ လှည့်လည်ပူဇော်ခံကြသည်။

ထိုသို့လှည့်လည်ပူဇော်ခံရာတွင် သာသနာ့ဗိမာန်စုရပ်မှ လွိုင်လင်-တောင်ကြီး ပြည်ထောင်စုလမ်းမကြီးမှ သုခလမ်းသို့လည်းကောင်း၊ ယင်းနောက် သုခလမ်းမှ ဘုရင့်နောင်လမ်း ထိုမှတစ်ဆင့် မွေတော်ကျောင်းလမ်း၊ ထို့နောက် ဗောဓိလမ်းမှ မိန်းလမ်းအတိုင်း လှည့်ပတ်ပြီးနောက် သာသနာ့ဗိမာန်သို့ ပြန်လည်ဝင်ရောက်ကြသည်။ (၇၄)ကြိမ်မြောက် မြို့လုံးကျွတ် ဘုံကထိန်တွင် တပ်နယ် တပ်ရင်းများ၊ ဌာနဆိုင်ရာများ စုပေါင်းကာ ပဒေသာပင်ပေါင်း ၂၆ ပင်ရှိကြောင်း သိရသည်။

အဆိုပါပဒေသာပင်များကို ယနေ့၌ သာသနာ့ဗိမာန်ကြီးတွင် မြို့‌ပေါ်နှင့် အနီး‌ပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောငိးများအား ပင့်ဆောင်၍ မဲဖောက်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချမင်္ဂလာအခမ်းအနား ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)