သပိတ်ကျင်း နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့်( ၂၃)ကြိမ်မြောက် ဘုံကထိန် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဌာနဆိုင်ရာများနှင့်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က သပိတ်ကျင်း မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ခန်းတွင်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မဟာဘုံကထိန်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းခွဲဝေဆောင်ရွက်ရေး၊ ပဒေသာပင်များဆောင်ရွက်ထားရှိမှု၊ ပဒေသာပင်များစနစ် တကျထိန်းသိမ်းရေး၊ ဆရာတော်သံဃာတော်များ အဆင်ပြေစွာ သီတင်းသုံးနေထိုင် နေထိုင်နိုင်ရေး၊ ဌာနဆိုင်ရာများအလိုက် ကြိုတင်စီစဥ်ဆောင်ရွက်ရန် ကိစ္စရပ်များအားညှိနှိုင်း ဆွေးနွေးခဲ့ပြီး ဌာနဆိုင်ရာများမှ သိရှိလိုသည်များနှင့်အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
သပိတ်ကျင်းမြို့နယ်၏ (၂၃)ကြိမ်မြောက် ဝန်ထမ်းစုပေါင်းမဟာဘုံကထိန်တော်ကို သပိတ်ကျင်းမြို့ကဘဲ့ရပ်ကွက်ရှိ သရက်တောကျောင်း တိုက်၌ တန်ဆောင်မုန်းလပြည့်နေ့( ၇.၁၁. ၂၀၂၂)နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)