မဟာအောင်မြေ နိုဝင်ဘာ ၄
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် ရပ်ကွက်သူရပ်ကွက်သားများ ကြီးမှူးကျင်းပသော ပထမအကြိမ် စုပေါင်းမဟာဘုံကထိန်အား စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ စုပေါင်းမဟာဘုံကထိန်ကို သံလျှက်မှော်အရှေ့ရပ်ကွက် "ညောင်ကိုးပင်"ကျောင်းတိုက်အတွင်းရှိ ဆရာတော်၊သံဃာတော်အပါး (၁၁)ပါးတို့အား "ကထိန်လျာမြတ်သင်္ကန်း" ဆက်ကပ်လှူဒါန်းပေးသွားမည်ကြောင်း၊စုပေါင်းမဟာဘုံကထိန်ကို ရှမ်းပြည်နယ် ဓားစောဖေ(ရှမ်းသိုင်းအဖွဲ့)မှ ရှမ်းရိုးရာအကများဖြင့် ကူညီပါဝင်သီဆိုကပြခဲ့ကြပြီး စုပေါင်းမဟာဘုံကထိန်အား မြသဘိတ်၊သင်္ကန်း၊ထီး၊ဖိနပ်၊ဆောင်၊မွေ့ရာ၊တံမြက်စည် စသည့်လှူဖွယ်ပစ္စည်းတန်းဖိုး(၅၄)သိန်းနှင့် ဝတ္ထုငွေကျပ်(၃၀)သိန်း စုစုပေါင်း (၈၄)သိန်းအား "ညောင်ကိုးပင်" ကျောင်းတိုက်အတွင်းရှိ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်တို့အား (၅-၁၁-၂၀၂၂)ရက်နေ့နံနက်ပိုင်းတွင် ဆက်ကပ် လှူဒါန်းပြီး ကထိန်အနုမောဒနာတရားတော်တို့ကို ကျောင်းထိုင်ဆရာတော်မှ ရပ်ကွက်သူ၊ ရပ်ကွက်သားများအား ရေစက်ချတရားတော်အားချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း