ခရမ်း နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်ငြိမ်အေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ကာကွယ်ရေးစစ်ကြောင်းဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၂ နာရီက တရားဥပဒေစိုးမိုးရေးနှင့်ကာကွယ်ရေး၊ အုပ်ချုပ်ရေးတို့ ပူးပေါင်းသည့် စစ်ကြောင်းမှ ခရမ်းမြို့နယ် ကရင်ကန်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင်ပြည်သူလူထုနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို အုပ်ချုပ်ရေးစစ်ကြောင်းအဖွဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဝင် (၁) ဗိုလ်မှူး ကျော်ဇင်သန့်၊ မြို့နယ်လဝက ဦးစီးမှူး ဦးမောင်မောင်သန့်၊ ခရမ်းမြို့နယ် ရဲတပ်ဖွဲ့ ဒုရဲမှုးဝင်းလွင်၊ ခရမ်းမြို့နယ် စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးဌေးမောင်တို့ ပါဝင်သည့် အဖွဲ့မှကွင်းဆင်း၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများအား တွေ့ဆုံဆွေးနွေး၍ ပြည်သူ့လိုလားချက်များကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရသည်။
အဆိုပါ ကွင်းဆင်းတွေ့ဆုံဆွေးနွေးရာတွင် မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ( ၁ ) ဗိုလ်မှူးကျော်ဇင်သန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်၊ ဦးတည်ချက် ၉ ရပ်တို့အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအား ၎င်းပြည်သူ့စစ်နှင့် ရပ်/ ကျေး ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် ပြည်သူ့လုံခြုံရေးဆိုင်ရာ ကိစ္စများကို၎င်း ခရမ်းမြို့မရဲစခန်းမှူးဒုရဲမှူး ဝင်းလွင်က ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူပူးပေါင်းပါဝင်သည့် ရပ်ရွာလုံခြုံဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည် ၎င်းနောက် ခရမ်းမြို့နယ်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်မောင်သန့်က လူဦးရေစာရင်းမှန်ကန်ရေး ပြည်သူအားလုံးနိုင်ငံသားစိစစ်ရေးကတ်နှင့်မိသားစုသန်းခေါင်စာရင်း ၆၆/၆ ရရှိရေးဆောင်ရွက်ပေးမည့် အခြေအနေများကို ၎င်းရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ပြည်သူများကိုယ်စား ဒေသခံပြည်သူ (၂) ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း ( ခရမ်း )