ဝမ်းတွင်း နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသခံပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ရွှေတောင်ကျေးရွာအုပ်စု၊ ရွှေတောင် ကျေးရွာ ငွေဘုံသာဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးရဲမြင့်သိန်းမှ ဒေသဖွံ့ဖြိုးရေးနှင့် အေးချမ်းသာ ယာရေး အတွက် စစ်ကြောင်းအသွင်ဖြင့် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ရည်ရွယ်ချက်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လှက်ရှိသော လုပ်ငန်းများ၊ ဒေသအတွင်းဆောင်ရွက် လျက်ရှိသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆိုင်ရာများနှင့် ရပ်ရွာအေးချမ်းသားယာရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ် ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးသက်နိုင်မှ တပ်မတော်မှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ရွေးကောက်ပွဲ ကျင်းပပေးရန် ဆောင်ရွက်နေမှု အခြေအနေများ၊ နယ်မြေအတွင်းဆောင်ရွက် လျက်ရှိသော တည်ငြိမ်းအေးချမ်းရေး၊ နယ်မြေလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူး မြင့်ဌေးမှ ခိုးဆိုးလုနှိုက်နှင့် ဒုစရိုက်မှုများဖြစ်ပွားမှုမရှိစေရေး၊ ထူးခြားမှုဖြစ်စဉ်များရှိပါက ပြည်သူများ အနေဖြင့်သတင်းပေးကြရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့ကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ပြည်သူများမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်လျှက်ရှိသော လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးရေ၊ လျှပ်စစ်မီးဆိုင်ရာ လုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ရာ သက်ဆိုင်ရာ တာဝန်ရှိ သူများက ညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေးခဲ့ကြပြီး ရွှေတောင်ကျေးလက်ကျန်းမာရေးဌာန၊ ကျန်းမာရေးဆရာမ ဒေါ်နီနီလင်းမှ ကိုဗစ်-၁၉ ရောဂါမျိုးကွဲအကြောင်း သိကောင်းစရာ၊ ကာကွယ်ဆေးထိုးနှံပေးခြင်း ဆိုင်ရာလူပ်ငန်းများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး အသက်(၁၈)နှစ် အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီး (၆) လအထက်ရှိသူ ဒေသခံပြည်သူ(၈၀)ဦးအား ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
အဆိုပါ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၁ ဗိုလ်မှူးသက်နိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံ ပြည်သူစုစုပေါင်း (၁၄၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)