တောင်သာ နိုဝင်ဘာ ၃
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်ကေခိုင်မှ လမ်း လျှောက်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဆွေးနွေးပွဲ (Talk Show) အသိပညာပေးနှင့်ပတ်သတ်၍ ပြည်သူများ သိသင့်သိထိုက်သည်များကို ဆွေးနွေးမေးမြန်းပြီး အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးဝဏ္ဏထွန်းက လမ်းလျှောက်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးနှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်းသိရသည်။
ယင်းဆွေးနွေးပွဲ၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဝဏ္ဏထွန်းက ဆွေးနွေးရာတွင် ခန္ဒာကိုယ်နှင့် စိတ်ဓာတ်ကျန်းမာကြံ့ခိုင်လာစေဖို့ လမ်းလျှောက်ကြဖို့ လိုကြောင်း၊ လမ်းလျှောက်ခြင်းခြင့် သက်လုံကောင်း၍ အမောခံနိုင်ခြင်း၊ အဆီလျှော့ချ၍ အဝမလွန်အောင် ထိန်း ပေးနိုင်သည်၊ ဦးနှောက်နှင့် အာရုံကြောအားကောင်း၍ ဉာဏ်ရည်ထက်မြက်စေသည်၊ ကိုယ်ခံစွမ်း အား မြင့်တက်စေပြီး ရောဂါများကို ကာကွယ်ပေးနိုင်သည်၊ အကြော/ အချဉ် အရွတ်များကို ပျော့ ပျောင်းစေ၍ လူကိုဖျတ်လတ် ပေါ့ပါးစေနိုင်သည်၊ သွေးလည်ပတ်မှု ကောင်းမွန်ပြီး အိပ်ပျော် စားဝင် စေသည်၊ စိတ်ဖိစီးမှုလျော့နည်းစေ၍ ကြည်လင်လန်းဆန်းစေသည်၊ နေ့စဉ် ပုံမှန် မိနစ်(၃၀) ခန့် လမ်းလျှောက်ပေးခြင်းဖြင့် ကျန်းမာကြံ့ခိုင်သော ဘဝကိုပိုင်ဆိုင်စေနိုင်သည်၊ ကျန်းမာခြင်းသုခ မုချခံစားရမည်၊ မိသားစုအားလုံး ကျန်းမာပျော်ရွှင်ရမည်၊ လူငယ်/မောင်မယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရမည်၊ နာမကျန်းဖြစ်၍ ဆေးဝါးကုသခြင်းမှ ကင်းဝေးစေရမည်၊ နိုင်ငံတော် ၏ ဂုဏ်သိက္ခာကို အားကစားဖြင့် မြှင့်တင်နိုင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင် (တောင်သာ)