ချမ်းမြသာစည်မြို့နယ် (Community Centre) ခန်းမတွင် မူကြိုကလေးငယ်များအတွက် ပြိုင်ပွဲများကျင်းပခြင်း

ချမ်းမြသာစည် နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မူကြိုအရွယ်ကလေးငယ်များ အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေး၊ ဉာဏ်ရည်ထက်မြက်လာစေရေး၊ ကျန်းမာကြံ့ခိုင်စေရေးတို့ကိုရည်ရွယ်၍ မေတ္တာရင်ခွင်မူကြိုကျောင်းနှင့်ပူးပေါင်းကာ ဘောလုံးအရောင်ရွေးပြိုင်ပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲများကို ယမန်နေ့နံနက် ၁၀ နာရီက (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ပြိုင်ပွဲအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပပေးခဲ့ရာ မူကြိုကလေးငယ်များက ပျော်ရွှင်စွာဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ ပြိုင်ပွဲများသို့ မူကြိုကလေးငယ်(၃၀)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိကြသူများအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း