ကျောက်ပန်းတောင်း နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက စားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးနှုန်းသက်သာစွာ ဖြန့်ဝေရောင်းချပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက မြို့နယ်အတွင်း ရပ်ကွက်(၁)ခုနှင့် ကျေးရွာ (၄) ရွာတို့တွင် စားအုန်းဆီ ပိဿာချိန် (၁၃၄၀) ရောင်းချ ပေးခဲ့ကြောင်း မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးမှ သိရသည်။
ပြည်သူများ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်စေရန်အတွက်၊ မြန်မာနိုင်ငံ ဆီကုန် သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် စားအုန်းဆီများ ကို သတ်မှတ်ရည်ညွှန်းဈေးများဖြင့် မြို့နယ်တိုင်း၌ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိရာ၊ ကျောက်ပန်းတောင်းမြို့နယ်တွင်လည်း စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်ကြီးများအသင်းက ရရှိသည့် ဆီခွဲတန်းအပေါ်မူတည်၍ အပတ်စဉ်ရောင်းချ ပေးနေခြင်းဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက ပြောသည်။
ယနေ့ရောင်းချမှုတွင် မြို့ပေါ်၌ မြို့မတောင်ရပ်ကွက်တွင် ဆီပိဿာချိန် ၂၄၀ပိသာ၊ ကျေးရွာများအနက် ဘဲများကျေးရွာတွင် ဆီပိဿာချိန် ၂၂၀ ပိဿာ၊ ကြပ်ထောင်ကျေးရွာတွင် ဆီပိဿာချိန် ၂၂၀ ပိဿာ၊ ညောင်ကန်ထောင့်ကျေးရွာတွင် ဆီပိဿာချိန် ၃၃၀ ပိဿာ၊ အင်တောကျယ်ကျေးရွာတွင် ဆီပိဿာချိန် ၃၃၀ ပိဿာ၊ စုစုပေါင်း ဆီပိဿာချိန် ၁၃၄၀ ပိဿာကို Mobile စနစ်ဖြင့် လှည့်လည်ရောင်းချပေးနိုင်ခဲ့ ကြောင်းသိရပြီး အဆိုပါ စားအုန်းဆီဖြန့်ဝေရောင်းချရာနေရာများသို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများက ကုန်ပစ္စည်းအရည်အသွေး မှန်/မမှန်၊ အချိန်အတွယ်ပြည့်မီခြင်း ရှိ/မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချခြင်း ရှိ/မရှိတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)