မင်းတပ် နိုဝင်ဘာ ၃
မင်းတပ်မြို့၊ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို တောင်ပုလု ကျောင်းတိုက်ရှိ သာသနာ့ဝိပုလကာရီသိမ်ကျောင်း၌ ယနေ့ နံနက်(၉)နာရီခွဲအချိန်တွင် ကျင်းပ သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး အစိန္တေယ ကန်တော့ချိုးဖြင့် ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ပူဇော်ကန်တော့ကြပြီးနောက် မြို့နယ်သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ ထေရဝါဒသာသနာပြု ဗဟိုဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တခေမိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်ပြီးနောက် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များမှ ပရိတ်တရားတော်များကို နာယူပူဇော် ကြည်ညိုခဲ့ကြသည်။ ထို့နောက် စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်းနှင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အကြီးအကဲများနှင့် မြို့မိမြို့ဖများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြ သည်။
ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ထေရဝါဒ သာသနာပြု ဗဟိုဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တခေမိန္ဒထံမှ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချ အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချ အမျှပေးဝေပြီး ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ် တို့အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို စစ်နယ်မြေမှူး ဗိုလ်မှူးကြီး အောင်မြတ်ထွန်း၏ ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့မိမြို့ဖများ စုပေါင်း၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ဝတ္ထုငွေနှင့် ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးငွေမှာ ကျပ် (၅၃၆၀၀၀၀/-) ဖြစ်ကြောင်း သိရသည်။
ဝေဖြိုး(ဇလပ်မြေ)