အောင်မြေသာစံ နိုဝင်ဘာလ ၃
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန၊ အောင်မြေသာစံမြို့နယ် ဦးစီးမှူးရုံးက အလျား ၆ ပေ၊ အမြင့် ၈ ပေရှိ "မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်" မြေစိုက်ပိုစတာ စိုက်ထူခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက ၁၂ လမ်း × ၈၆ လမ်းထောင့်တွင် ကျင်းပ ပြုလုပ်ရာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇော်မျိုးဝေနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ် ဦးစီးအရာရှိ ဦးကျော်စိုးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
ထို့နောက် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် တာဝန်ရှိသူများ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများက မိဘပြည်သူသို့ အသိပေးထုတ်ပြန်ချက် မြေစိုက်ပိုစတာ စိုက်ထူပေးကြပြီး၊ ခရီးသွား ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်များကို ဝေငှပေးကြကြောင်း သတင်းရရှိသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)