မဟာအောင်မြေမြို့နယ်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့် တင်ရေး အသိပညာ‌ပေးဟောပြောပွဲကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၃

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက ကျင်းပခဲ့သည်။

ဆက်လက်ပြီး ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်က စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်မေက ကျောင်းသား/ကျောင်းသူများ စာပေနှင့် နီးစပ်မှုရှိစေရန်၊ စာအုပ်၊ စာပေဖတ်ရှုသည် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေ၊ ဗဟုသုတပေါကြွယ်ဝမှ လူဘောင်အဖွဲ့အစည်း၊ လူ့အသိုင်းအဝိုင်းမှာ လုပ်ကိုင်ဆောင်ရွက် ရာတွင် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး နိုင်ငံဂုဏ်၊ လူမျိုးဂုဏ်ကို မြင့်မားအောင် ဆောင်ရွက် နိုင်မည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို ကျောင်းသူ/ကျောင်းသားများ သိရှိနားလည် အောင် ထည့်သွင်းဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုဘိုဟန်၊ အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရင်မေနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား/သူ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ကြောင်း သိရသည်။

ရွှေတိုး