အောင်မြေသာစံ နိုဝင်ဘာလ ၃
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ သီရိမာလာအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ မရမ်းခြံ ဆိပ်ကမ်းတွင် အောင်မြေသာစံခရိုင်အတွင်းရှိ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ငါးဘေးမဲ့လွှတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ရာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအောင်ဆွေနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အောင်မြေသာစံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး ဇော်မျိုးဝေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစန်းထွန်းလင်း၊ ပုသိမ်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။
အခမ်းအနားတွင် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ခရိုင်အတွင်းရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် ဝန်ထမ်းများက ဧရာဝတီမြစ်အတွင်း ငါးမြစ်ချင်းအကောင်ရေ (၃) သောင်းအား ဘေးမဲ့လွှတ်ပေးကြကြောင်း သတင်း ရရှိသည်။
မြင့်မော်ထွန်း (ပြန်/ဆက်)