သရက်ချောင်း နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဥယျာဉ်ခြံလုပ်ကိုင်သူနှင့် တောင်ယာလုပ်ကိုင်သူများသည် နှစ်ရှည်ပင်အဖြစ် ကွမ်းသီးပင်များအဓိကစိုက်ပျိုးလျက်ရှိရာ အောက်တိုဘာလအစောပိုင်း ကွမ်းသီးပေါ်ဦးကာလက စျေးကောင်းရရှိသော်လည်း ယခုအချိန် ကွမ်းသီးပေါများအချိန်တွင် ကွမ်းသီးအခြမ်းစျေးနှုန်းကျဆင်း၍ ကွမ်းသီးလုပ်ကိုင်ရာတွင် အခက်အခဲတွေ့ရကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူတစ်ဦးကပြောသည်။
သရက်ချောင်းမြို့နယ်တွင် ကွမ်းသီးပေါ်ဦးပေါ်ဖျားကာလက ကွမ်းသီးတစ်လုံးလျှင် ၄၅ကျပ်မှ ၅၀ကျပ်ထိရရှိပြီး ကွမ်းသီးပါကင်တစ်ပိဿာလျှင် ၇၀၀၀ကျပ်မှ ၈၀၀၀ကျပ်အထိ၊ ကွမ်းသီးအညိုသီး တစ်ပိဿာလျှင် ၅၀၀၀ကျပ်မှ ၅၅၀၀ကျပ်အထိ၊ ကွမ်းသီးအပုတ် တစ်ပိဿာလျှင် ၂၀၀၀ကျပ်မှ ၂၅၀၀ကျပ်အထိ စျေးကောင်းရရှိသော်လည်း ယခုအခါ ကွမ်းသီးပေါများအချိန်တွင် စျေးနှုန်းကျဆင်း၍ ကွမ်းသီးတစ်လုံးလျှင် ၄၀ကျပ်မှ ၄၃ကျပ်ထိရရှိပြီး ကွမ်းသီးပါကင် တစ်ပိဿာလျှင် ၄၀၀၀ကျပ်မှ ၄၅၀၀ကျပ်အထိသာရရှိကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူ ဒေါ်တင်နုထံမှ သိရသည်။
သားကြီး(သရက်ချောင်း)