ကျောက်ဆည် နိုဝင်ဘာ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆန်စပါးဖူလုံပိုလျှံရေး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆည်ရေသောက်စနစ်၊ မိုးကောင်းရေသောက်စနစ်၊ မြေအောက်ရေသောက်စနစ်(စက်ရေတွင်း)ဖြင့် မိုးစပါးများ စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မိုးစပါးသီးနှံများကို “ဆည်ရေသောက်စနစ်ဖြစ်သည့် ဇော်ဂျီဆည်ရေဖြင့် တိုက်နယ်(၃)မှ ကျေးရွာအုပ်စု များတွင် (၅၀၃၈) ဧက၊ တိုက်နယ်(၄)မှ ကျေးရွာအုပ်စုများတွင်(၄၂၀၇)ဧက၊ တိုက်နယ်(၅)မှ ကျေးရွာ အုပ်စုများတွင် (၅၉၇၉)ဧက၊ တိုက်နယ်(၆)မှ ကျေးရွာအုပ်စု များတွင် (၃၇၅၅)ဧက၊ တိုက်နယ်(၈)မှ ကျေးရွာအုပ်စုများတွင် (၅၉၈၄)ဧက၊ တိုက်နယ်(၉)မှ ကျေးရွာအုပ်စုမျးတွင်(၄၂၃၆)ဧက၊ တိုက်နယ် (၁၀) မှ ကျေးရွာအုပ်စုများတွင် (၂၄၉၁)ဧက၊ တိုက်နယ်(၁၁)မှ ကျေးရွာအုပ်စုများတွင်(၄၆၈၈)ဧက၊ တိုက်နယ် (၁၂)မှ ကျေးရွာအုပ်စုများတွင် (၅၁၈၅)ဧက စုစုပေါင်း (၄၁၅၆၃)ဧက”၊ “ကင်းတားဆည်ရေဖြင့် တိုက်နယ်(၁)မှ ကျေးရွာအုပ်စုများတွင်(၂၂၄၀) ဧက၊ တိုက်နယ်(၂)မှ ကျေးရွာအုပ်စုများတွင် (၅၃၅၆) ဧက၊ တိုက်နယ်(၁၀)မှ ကျေးရွာအုပ်စုများတွင် (၂၅၂၁)ဧက၊ စုစုပေါင်း (၁၀၁၁၇)ဧက”၊ “သစ်တက္ကုန်း ဆည်ရေဖြင့် တိုက်နယ်(၂)မှ ကျေးရွာအုပ်စုများတွင် (၄၃၆)ဧက”၊ “မိုးကောင်းရေသောက်စနစ်ဖြင့် တိုက်နယ်(၇)မှ ကျေးရွာအုပ်စုများတွင်(၂၃၅)ဧက”၊“မြေအောက်ရေသောက် စနစ်ဖြစ်(စက်ရေတွင်း)ဖြင့် တိုက်နယ်(၆)မှ ကျေးရွာအုပ်စုများတွင်(၁၁၀)ဧက၊ စုစုပေါင်း (၅၂၄၆၁)ဧက စိုက်ပျိုး ပြီးကြောင်း သိရ သည်။
စပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ပိုးမွှားကင်းစင်သည့် မျိုးကောင်းမျိုးသန့် စပါးများရွေးချယ်စိုက်ပျိုးနိုင်ရေး၊ သတ်မှတ်အထွက်နှုန်းပြည့်မီစေရေး၊ စိုက်ပျိုးနည်း စနစ်များမှန်ကန်စေရေး၊ ဓာတ်မြေဩဇာများစနစ်တကျသုံးစွဲစေရေး၊ ပေါင်းမြက်များအချိန်မီနှိမ်နင်းရေး၊ စိုက်ပျိုးရေချွေတာပြီး ရေသွင်းရေထုတ် မှန်ကန်စေရေး၊ သဘာဝမှိုသတ်ဆေးများ၊ပိုးသတ်ဆေးများ စနစ် တကျသုံးစွဲစေရေးစသည့် နည်းပညာများ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဧရာမင်း၊ မနောသုခ၊ ရွှေမနော်၊ ဆင်းသုခ စပါးမျိုးများ အဓိကစိုက်ပျိုးကြောင်း သိရသည်။
သက်မောင်