ရှမ်းရွာသစ် နိုဝင်ဘာ ၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၌ ကျောင်းသား/သူလေးများ မြန်မာနိုင်ငံ၏နေ့ထူး နေ့မြတ်များအကြောင်းသိရှိစေရန်၊ ကာယ၊ ဉာဏစွမ်း ရည်များဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်သည့် အလေ့အကျင့်ရှိစေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုသောအားဖြင့် ကာယ၊ ညာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက ကလေး ငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအားကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့ အကျင့်ရှိစေရန်၊ ပြည်သူ့စာကြည့်တိုက်အား အများပြည်သူဝင်ထွက်သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာ နေရာတစ်ခုအဖြစ် သိရှိစေရန်နှင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များကို ကျောင်းသား/သူများ အစဉ်အမြဲအောက်မေ့သတိရစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မူလတန်းအဆင့် အရုပ်ဆက်ပြိုင်ပွဲ၊ အပ်ထိုးပြိုင်ပွဲနှင့်မုန့်ကိုက်ပြိုင်ပွဲမျာကို ပြုလုပ် ဆောင်ရွက်ပေးခဲ့ရာ အခြေခံပညာမူလ တန်းကျောင်းမှ ကျောင်သား/သူလေးများက စိတ်ပါဝင်စား စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)