လောင်းလုံး မြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စက္ကူခေါက်ပြိုင်ပွဲ ကျင်းပ

လောင်းလုံး  နိုဝင်ဘာ ၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန Community Centreတွင် ကျောင်းသား၊ ကျောင်းသူများအား ဥာဏ်ရည်ရည်သွေး ထက်မြက်စေရန်နှင့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုစက္ကူ ခေါက်ပြိုင်ပွဲကို ယမန်နေ့ညနေ( ၃)နာရီအချိန်ကကျင်းပခဲ့သည်။

ရှေးဦးစွာ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက ပြိုင်ပွဲကျင်းပ ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားက၍ နှင်းဆီပန်းပွင့် စက္ကူခေါက်ပြိုင်ပွဲကို ကျင်းပကာ ကျောင်းသား၊ သူများကစိတ်ပါဝင်စားစွာဖြင့် ယှဥ်ပြိုင်ကာ ဦးစီးအရာရှိက အမှတ်တရပစ္စည်းလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းသိန်း(လောင်းလုံး)