မက်မန်း နိုဝင်ဘာလ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့၌ အဘယကုန်းမြေရှိ အောင်တော်မူစင်္ကြာလာဘစေတည်တော်မြတ်၌ ပဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ကျင်းပသည်။
အခမ်းအနားတွင် ပညာဒီပကျောင်းထိုင်ဆရာတော် အဂ္ဂမဟာသဒမ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒာသိရီ ဦးဆောင်သော သံဃာတော်များနှင့် တရားနာပရိတ်သတ်များမှ “နမောတဿ” သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ပြီး တရားနာပရိတ်သတ်များက ပညာဒီပကျောင်းထိုင်ဆရာတော်ထံမှ(၅)ပါး သီလခံယူတော်မူခဲ့ကြသည်။ ထို့နောက် မက်မန်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်းက ဆရာတော်များကို ပဌာန်းတရားတော်များဆက်ကပ်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့က ပဌာန်းတရားတော်များ ကိုစတင်ရွတ်ဖတ်ပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် မက်မန်းခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာနေပြည်သူများနှင့် တရားနာပရိတ်သတ်များက သံဃာတော်အရှင်သူမြတ်များကို လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သိရသည်။
ပန်းကျင်(ခရိုင်ပြန်/ဆက်)