ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးလျှော့ချရေး ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်းများ၌ ဥပုသ်သီလဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများ ယာယီရပ်ဆိုင်းထား

ဟားခါး စက်တင်ဘာ ၁၈

ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သည့် အတွက် ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ ယာယီ ရပ်ဆိုင်းထားကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် လူစုလူဝေး လျော့ချခြင်းအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များ နှင့်အညီ ဘုန်းတော်ကြီး ကျောင်းများနှင့် Church ကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများ ယာယီရပ်ဆိုင်းထားခြင်းကို ပြည်သူအားလုံးမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး ကာလအတွင်း ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သည့် ဟိုတယ်များနှင့် သီးခြားနေရာများရှိ Bar Night Club KTV များ ဖွင့်လှစ်ခြင်း ခွင့်မပြုထား ကြောင်း၊ လူစုလူဝေးများပြားသည့် အစိုးရဘဏ်များ၊ ပုဂ္ဂလိကဘဏ်များနှင့် စုပေါင်းရုံးများတွင် ကျန်းမာရေး စစ်ဆေးခြင်းများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ထားကြောင်း၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဘုန်းတော်ကြီးကျောင်းများနှင့် Church ကျောင်း များတွင် ဥပုသ်သီလ ဆောက်တည်ခြင်းနှင့် ဝတ်ပြု ဆုတောင်းခြင်းများကိုလည်း လူစုလူဝေးလျှော့ချခြင်း အနေဖြင့် ယာယီရပ်ဆိုင်းထားကြောင်း ဟားခါးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရသည်။

အောင်ခွီရှိန်း