ဟားခါးမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၀၂ စုတို့အား ထောက်ပံ့ငွေများပေးအပ်

ဟားခါး စက်တင်ဘာ ၁၈

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များ အတွက် နိုင်ငံတော်မှတတိယအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများက ဟားခါးမြို့၊ မြို့ဟောင်းရပ်ကွက်နှင့် စျေးဟောင်းရပ်ကွက်များသို့ သွားရောက်၍ တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဟားခါးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်(၂၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု(၂၇၀၂)စု တို့အတွက် ငွေကျပ် (၅၄,၀၄၀,၀၀၀)အား လည်းကောင်း၊ ဟားခါးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် သက်ကြီး ဘိုးဘွားတစ်ဦးအား တစ်လလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် ()လစာ (၃၀,၀၀၀)ကျပ်အား လည်းကောင်း၊ သက်ကြီးဘိုးဘွား (၂၃၇)ဦးအတွက် ထောက်ပံ့ငွေကျပ် (၇,၁၁၀,၀၀၀)ကို မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စွာဟိန်း