စဉ့်ကိုင်မြို့နယ်တွင် ထပ်ဆောင်းကာကွယ်ဆေးများထိုးနှံရေး အသိပညာပေးနှိုးဆော်

စဉ့်ကိုင် နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ညောင်ဝန်းကုန်းကျေးရွာအတွင်းရှိ လက်ဆုံနေရာများ၌ ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံနိုင်ရေးတို့ကို လိုက်လံအသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံထားခြင်းအားဖြင့် ရောဂါကူးစက်ဖြစ်ပွားမှု၊ ရောဂါပြင်းထန်မှုနှင့် သေဆုံးမှုတို့ကို လျှော့ချပေးနိုင်သည်ဖြစ်ရာ အသက်(၅)နှစ်နှင့် အထက်ရှိသူအားလုံးသည် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံထားရှိရန် လိုအပ်သည့်အပြင် အသက်(၁၈)နှစ်နှင့်အထက် ကာကွယ်ဆေးထိုးနှံပြီးစီးကာလ(၆)လရှိနေသော ပြည်သူများသည်လည်း ထပ်ဆောင်းကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ထပ်မံထိုးနှံရန်လိုအပ်ကြောင်း၊ ထို့ကြောင့်မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာခြင်း၊ Maskကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံခြင်းတို့ကို မပျက်မကွက်ဆောင်ရွက်ကြပါရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ကျော့မူယာမောင်