စဉ့်ကိုင်မြို့နယ် စျေးဟောင်းကွက်သစ်ရပ်တွင် အခြေခံစားသောက်ကုန် (၉) မျိုးအား စျေးနှုန်းသက်သာစွာဖြင့်ရောင်းချ

စဉ့်ကိုင် နို၀င်ဘာ ၁

ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ ဒေသခံပြည်သူများ စားသောက်ကုန်၀ယ်ယူရာတွင် စျေးနှုန်းသက်သာစေရန်ရည်ရွယ်၍ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်နယ်မှူးရုံး (ကျောက်ဆည်) နှင့်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊   စဉ့်ကိုင်မြို့နယ် ပလိပ်ကျေးရွာအုပ်စုအတွင်းရှိ စျေးဟောင်းကွက်သစ်ရပ်၊ ဘောလုံးကွင်းအတွင်း၌ ယနေ့နံနက်ပိုင်းက အခြေခံစားသောက် ကုန် (၉) မျိုးအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးရာတွင် ကျောက်ဆည်တပ်နယ်မှူးရုံးမှ  ဒုတိယဗိုလ်မှူးကြီး ညီညီနိုင်နှင့် တပ်ဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) ဗိုလ်မှူး ပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး ရဲမှူးသိန်းလွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်များက အနီးကပ်ကြီးကြပ်၍ ခြေခံစားသောက်ကုန်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။

အခြေခံစားသောက်ကုန်များ ရောင်းချရာတွင်  ဆန်တစ်ပြည်ကျပ် (၁၆၀၀/-) နှုန်းဖြင့် ဆန်အိတ်(၁၀)၊ အာလူးတစ်ပိဿာကျပ် (၂၀၀၀/-) နှုန်းဖြင့် အချိန်(၄၀)၊ ကြက်ဥတစ်လုံး(၁၆၀/-) နှုန်းဖြင့် ကြက်ဥအလုံး(၁၀၀၀)၊ ဘူးသီးခရမ်းသီး၊ ချဉ်ပေါင်ရွက်၊ ကန်စွန်းရွက်၊ ဂေါ်ရခါးသီး၊ ရုံးပတီသီးစသည်ဖြင့် အခြေခံစားသောက်ကုန် (၉) မျိုးကို  စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)