မိုင်းတုံမြို့နယ်ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ မဲကင်ကျေးရွာနေပြည်သူများနှင့် အစည်းအဝေး ပြုလုပ်

မိုင်းတုံ နိုဝင်ဘာ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ ဒေသဖွံ့ဖြိုးတိုးတက်ရေးကော်မတီမှ မဲကင်ကျေးရွာနေပြည်သူများနှင့် ယမန်နေ့ နံနက်ပိုင်းက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေအတွက် ညှိနှိုင်းအ စည်းအဝေးကို မဲကင်ကျေးရွာရှိ ဘဏ်စုံသုံးခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေနှင့် ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး မြစိမ်းရောင်အရင်းမပျောက်မတည်ငွေများကို ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်သည့် တောင်သူအစုအဖွဲ့ကို ထုတ်ချေးပေးသွားမည့်အစီအစဉ်ရှိသည့်အတွက် တောင်သူများသိရှိကာ ကြိုတင်ပြင်ဆင်စီစဉ်ထားနိုင်အောင် ကြိုတင်၍အစည်းအဝေးလုပ်လာခြင်းဖြစ်ကြောင်း၊ မိမိတို့ထံ အရင်းမပျောက်မတည်ငွေ ထုတ်ချေးပေးသည့်အခါ စနစ်တစ်ကျအသုံးပြုတက်ဖို့လိုကြောင်း အမှာစကားပြောကြားပြီးနောက် မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးအရာရှိ ဦးထွန်းထွန်းဝင်းက လုပ် ငန်းစဉ်ကို အသေးစိတ်ရှင်းလင်းသည်။ ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာ သိန်းသန်းဝင်းမှ မွေးမြူရေးနှင့်ပတ်သက်ပြီး အကျယ်တစ်ဝန်းရှင်းလင်းခဲ့‌ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့  တောင်သူ(၆၅)ဦးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

 ဝင်းဝင်းခိုင်(မြို့နယ်၊ ပြန်/ဆက်)