အမရပူရ အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ဆွယ်ပွတ်ရပ် မဟာဂန္ဓာရုံဘုန်းတော်ကြီးသင်ပညာကျောင်းတွင် ယနေ့နေ့လယ်(၁)နာရီအချိန်က အထက်တန်းအဆင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အမရပူရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှက မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးကိုရှောင်ကြားရန်၊ ကလေးသူငယ်များ မူးယစ်သားကောင်မဖြစ်စေရေး ဟောပြောခဲ့ကြောင်း သိရသည်။ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ နားထောင်ခဲ့ကြသည်။ ထို့နောက် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်းစာကြည့်တိုက်အတွက် စာအုပ်များလှူဒါန်းပေးခဲ့ရာ ဆရာဦးမြတ်စိုးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
စိုးသီဟ(အမရ)