ဝမ်းတွင်း အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်းသင်တန်ကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောမှ သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ပေးရခြင်းရည်ရွယ်ချက်နှင့် မိမိတို့ဌာနအနေဖြင့် သတင်းပိုင်းဆိုင်ရာများတွင် သိရှိနားလည်ပြီး ကောင်းမွန်မှန်ကန်သောသတင်းတစ်ပုဒ်ကို ရေးသားနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ယခုလိုသင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းတွင် ဓါတ်ပုံကျွမ်းကျင်း-၂ ဦးဌေးလှိုင်က သတင်းရေးသားထုတ်ပြန်ခြင်းဆိုင်ရာ ဝေါဟာရရှင်းလင်းချက်များ၊ အခြေခံသတင်းစာပညာအကြောင်း၊ အချက်အလက်စုဆောင်းခြင်း၊ သတင်းရေးသားခြင်းဆိုင်ရာများနှင့်ပတ်သက်၍ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဦးစီးအရာရှိ ဒေါ်မူမြစောမှ သတင်းတည်းဖြတ်ချက်ရမည့်အချက်များ၊ သတင်းရေးသားရာတွင် သတိပြုသင့်သည့်အကြောင်းအရာများ၊ စာနယ်ဇင်းဆိုင်ရာကျင့်ဝတ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက တက်ရောက်ခဲ့ကြပြီး တစ်ရက်တာပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲမျိုးသက်